အိုမီခရွန် ကိုဗစ်ပိုးကို တားဆီးနိုင်ဖို့ ချမ်းသာတဲ့ နိုင်ငံကြီးတွေက ကိုဗစ်ကာကွယ်ဆေးတွေ စုပုံ စုဆောင်းလာကြမှာကို WHO စိုးရိမ်

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

အမေရိကန်အခြေစိုက် သတင်းသမားများ ကူညီစောင့်ရှောက်ရေး ကော်မတီ CPJ ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ သတင်းသမား ဒုတိယ အများဆုံးဖမ်းဆီးတဲ့ နိုင်ငံအဖြစ် စာရင်းဝင်၊ ကူးစက်မြန် အိုမီခရွန် ကိုဗစ်ပိုးကို တားဆီးနိုင်ဖို့အတွက် ချမ်းသာတဲ့ နိုင်ငံကြီးတွေက ကိုဗစ်ကာကွယ်ဆေးတွေ စုပုံ စုဆောင်းလာကြမှာကို WHO စိုးရိမ်၊ မနက်ဖြန် လုပ်မယ့် ငြိမ်သက်ခြင်းသပိတ်အတွင်း ဈေးဆိုင် ပိတ်တာကို မလုပ်ကြဖို့ သက်ဆိုင်ရာ မြို့နယ် စည်ပင်တချို့ ဟန့်တား၊ စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းကို ပြန်ဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်မြန်မာ နယ်စပ်ကုန်သွယ် သင်္ဘောသား ၇ ဦးမှာ ကိုဗစ် ၁၉ ပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်လုပ်နေရာမှာ မြန်မာနိုင်ငံထဲက ရပ်ဆိုင်းနေတဲ့ တရုတ်စီမံကိန်း တွေ ပြန်စတော့မှာလား

Visit the podcast's native language site