မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ PPST တွေ့ဖို့ ဘာတွေ ညှိနှိုင်းနေသလဲ

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

အောက်တိုဘာလ ၁၃ ရက် ဗုဒ္ဓဟူး ညချမ်း ဘီဘီစီမြန်မာပိုင်း အစီအစဉ် - မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့ PPST တွေ့ဖို့ ဘာတွေ ညှိနှိုင်းနေသလဲ၊ ဘယ်တော့တွေ့မလဲ၊ - သတင်းစာဆရာ ဦးစည်သူအောင်မြင့်နဲ့ ဘီဘီစီမီဒီယာအက်ရှင် သတင်းထောက် ဟောင်း မထက်ထက်ခိုင် အပါအဝင် သတင်းထောက်တချို့ကို ဒီနေ့ ရုံးထုတ်၊ - အခုရက်ပိုင်း ရန်ကုန်နဲ့ မြန်မာနိုင်ငံ နေရာအနှံ့ လျှပ်စစ်မီး အချိန်ကြာကြာပြတ်တောက်၊ လျှပ်စစ်ထုတ်တဲ့ လုပ်ငန်း တချို့လည်းရပ်ဆိုင်း၊ -ဆောင်းဦးကာလ မြောက်ကိုရီးယားမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ငတ်မွတ်ခေါင်းပါးအန္တရာယ် ကြုံရနိုင်တယ်လို့ ကုလသမဂ္ဂ သတိပေး၊ စတဲ့ သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- မနက်ပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625862

Visit the podcast's native language site