ရွေးကောက်ပွဲလမ်းကြောင်း ရွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေကို တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ စစ်ခေါင်းဆောင်ပြော
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

- ရွေးကောက်ပွဲလမ်းကြောင်း ရွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေကို တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ စစ်ခေါင်းဆောင်ပြော - နေပြည်တော်လုံခြုံရေးကို အဓိကကိုင်တွယ်ရတဲ့ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူးနေရာ အပြောင်းအလဲ - စစ်ကိုင်းတိုင်း၊ မင်းကွန်းဒေသမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတာ တစ်လ ကျော်လာပြီ - ရခိုင်ပြည်နယ်ထဲက စစ်ဘေးရှောင် မိသားစုတွေထဲက မိန်းကလေးငယ်တွေ လူကုန်ကူးသူတွေရဲ့ ပစ်မှတ်တွေ ဖြစ်လာနေ - ဆန္ဒပြပွဲ သတင်းယူဖို့ ရောက်နေတဲ့ ဘီဘီစီသတင်းထောက်ကို တူရကီအစိုးရ နှင်ထုတ် - အီဂျစ်နိုင်ငံ ပင်လယ်နီကမ်းရိုးတန်းနားမှာ ကမ္ဘာလှည့်ခရီးသည်တင် ရေငုပ်သင်္ဘော တစ်စင်း နစ်မြုပ်သွားရာမှာ အနည်းဆုံး ၆ ဦး သေဆုံးခဲ့ - တရားစီရင်ရေးစနစ်ကို နိုင်ငံရေးအရ ပိုထိန်းချုပ်ခွင့်ပေးတဲ့ အငြင်းပွားစရာ ဥပဒေတစ်ရပ်ကို အစ္စရေးပါလီမန်အတည်ပြု - ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က စစ်ကူတိုက်ဖို့ မြောက်ကိုရီးယားက အခုနှစ်အတွင်း တပ်ဖွဲ့ဝင် ၃၀၀၀ ကျော်ကို ရုရှားကိုစေလွှတ် - တောင်ကိုရီးယားတောမီးကြောင့် သေဆုံးသူ အနည်းဆုံး ၂၇ ဦး ရှိသွားပြီ - တရုတ်နဲ့ထိုင်ဝမ် တင်းမာမှုကြောင့် ဂျပန်တောင်ဘက်စွန်း ကျွန်းစုတွေကနေ ဒေသခံတွေ ဖယ်ထုတ်ဖို့ ဂျပန်အစိုးရ ပြင်ဆင်နေ