ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဒေသမှာ MNDAA ကိုးကန့် လက်နက်ကိုင်အဖွဲ့နဲ့ စစ်ကောင်စီ တပ်ဖွဲ့အကြား ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

- ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသမှာ MNDAA ကိုးကန့် လက်နက်ကိုင်အဖွဲ့နဲ့ စစ်ကောင်စီ တပ်ဖွဲ့အကြား ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့၊ တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်းထဲမှာ ဒီကနေ့မှာလည်း စစ်ကောင်စီယာဉ်တန်း မိုင်းထောင်ခံရတာတွေ၊ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲတွေ ရှိခဲ့၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေကို စစ်ကောင်စီက ပြင်ဆင်လိုက်တဲ့အတွက် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ သုံးသပ်ချက်၊ ငလျင်ဒဏ်ကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ရတဲ့ ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်းက ဝေးလံခေါင်သီတဲ့ ဒေသတွေဆီ ကယ်ဆယ်ရေးအဖွဲ့တွေ အရောက်သွားဖို့ ကြိုးစားနေ၊အခုနှစ်အတွက် နိုဘယ်လ် စာပေဆုကို တန်ဇန်းနီးယား စာရေးဆရာ အဗ္ဗဒူလ်ရာဇက်ခ် ဂူရ်နား ဆွတ်ခူး