နှစ်သစ်ကူးနေ့က လူအုပ်ထဲ ထရပ်ကားနဲ့ ဝင်တိုက်ခံခဲ့ရရာမှာ သေဆုံးသူ ၁၅ယောက်ရဲ့ အသေးစိတ် အချက်အလက်တွေ ထွက်ပေါ်လာပြီ

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

- ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးနဲ့ နိုင်ငံအနှံ့ကစစ်ပွဲတွေကို ရောက်တဲ့နေရာမှာ ရပ်ထားရေးအပါအဝင် ငွေဆောင်သဘောတူညီချက် ၇ ချက် အကြောင်း။ - နှစ်သစ်ကူးကာလ ကရင်နီ၊ ကရင်၊ ရခိုင်၊ ရှမ်းမြောက်၊ ရှမ်းတောင်နဲ့ မန္တလေးတိုင်း ငါန်းဇွန် မြို့နယ်တို့မှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူတစ်ဒါဇင်ထက်မနည်းသေဆုံး။ - အမေရိကန် ပြည်ထောင်စု နယူးအော်လင်းက ထရပ်ကားနဲ့ ဝင်တိုက်မှုနဲ့ လပ်စ်ဗီးဂတ်စ်က ထရမ့်ဟော်တယ်ရှေ့ ပေါက်ကွဲမှု ဆက်စပ်သလား ဆိုတာ စုံစမ်းစစ်ဆေးနေပြီ - တောင်ကိုရီးယားမှာ ဂျေဂျူးလေကြောင်းလိုင်းရုံးနဲ့ အခင်းဖြစ်ရာ လေဆိပ်ကို ရဲက ဝင်စီးနင်း အမှုဆောင်အရာရှိချုပ်ကိုလည်း ပြည်ဝင်ခွင့်ပိတ်ထား - တရားစွဲ ခံထားရဖို့ ရှိနေတဲ့ တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယိုး ကို ဖမ်းဝရမ်း သက်တမ်းမကုန်ခင် ဖမ်းဖို့ ကြိုးစားနေ - ဆီးရီးယားမှာ အသက်အရွယ် အားလုံးအတွက် သင်ရိုးညွှန်းတမ်းသစ်တွေကို အစ္စလာမ် ဘာသာ ဇောင်းပေး ပြဌာန်း လိုက်တဲ့ သတင်းတွေကို တင်ဆက် ပေးထားပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858

Visit the podcast's native language site