ဒေသကာကွယ်ရေး တပ်တွေ သိမ်းထားတဲ့ ပင်လယ်ဘူးက ဌာနဆိုင်ရာရုံးတွေကို ပြန်သိမ်းနိုင်ခဲ့တယ်လို့ စစ်ကောင်စီပြော
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ဧပြီလ ၁၂ ရက် အင်္ဂါ ညချမ်း ဘီဘီစီမြန်မာပိုင်း ရေဒီယိုအစီအစဉ် - စစ်ကိုင်းတိုင်းမြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်၊ ဒေသကာကွယ်ရေး တပ်တွေ သိမ်းနိုင်ခဲ့တဲ့ ပင်လယ်ဘူးက ဌာနဆိုင်ရာရုံးတွေကို ပြန်လည်သိမ်းနိုင်ခဲ့တယ်လို့ စစ်ကောင်စီပြော၊ -နိုင်ငံတဝန်း နှစ်ဖက် တိုက်ပွဲတွေဖြစ်နေ၊ မြို့ကြီးတွေမှာ ပေါက်ကွဲမှု၊ စစ်ကောင်စီဘက်က ဖမ်းဆီးမှုတွေ ဆက်တိုက်ဖြစ်နေ၊ - စစ်တွေမြို့နယ်က မွတ်ဆလင် ရွာလူကြီးနှစ်ဦးကို အေအေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး စစ်ကောင်စီတပ်တွေဖမ်းဆီး၊ -ယူကရိန်း အမျိုးသမီးတွေကို ရုရှားစစ်သားတွေ အဓမ္မ ပြုကျင့်မှု ကယယံရှင်တွေ ပြန်ပြော၊ စတဲ့ သတင်းတွေ တင်ဆက်ပေးပါမယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- မနက်ပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625862 ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို