နောင်ချိုမှာ စစ်တပ်ကို ဗုံးလာမကြဲဖို့ ရဟန်းတွေနဲ့ ဒေသခံတွေက မေတ္တာရပ်ခံ
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

- ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းနဲ့ လေးမျက်နှာမြို့နယ် ရိုးတောင်အစပ် ကျေးရွာတွေရဲ့ အနီးဝန်းကျင်မှာ အာရက္ခတပ်တော် ဦးဆောင်တဲ့ ပူးပေါင်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ အကြား ဖြစ်ပွားနေ - အမေရိကန်နဲ့ ရုရှားသမ္မတတွေ ယူကရိန်းစစ်ပွဲ အပစ်ရပ်ရေးကြိုးပမ်းနေတာကို ဥရောပ ခေါင်းဆောင်တွေက ဆန့်ကျင်နေတယ်လို့ ရုရှားအစိုးရ ပြောခွင့်ရသူကဆို - အိန္ဒိယမှာ ဆန္ဒပြတဲ့ လယ်သမားတွေကို ရဲက ဖမ်းဆီး - အင်ဒိုနီးရှားမှာ စစ်တပ်အရာရှိတွေကို အရပ်ဘက်မှာ တိုးချဲ့ခန့်ထားတာကို လူထုမကျေနပ် - စစ်တပ်အကြီးအကဲရဲ့ ဆွေမျိုးတွေ အကြောင်း စုံစမ်းဖော်ထုတ် တင်ဆက်တဲ့ ပါကစ္စတန် သတင်းထောက်နဲ့ ညီအကို တော်စပ်သူ နှစ်ယောက်ကို ထောက်လှမ်းရေးက ဖမ်းသွားတဲ့ သတင်းတွေကို တင်ဆက် ပေးထားပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858