ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေနဲ့ ပါတီကိုထောက်ခံသူတွေ အသတ်ခံရတာ လူ ၁၅၃၀ ဝန်းကျင်ရှိပြီလို့ ပါတီဥက္ကဋ္ဌ ပြော
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

မေလ ၁၁ ရက် ဗုဒ္ဓဟူး ညချမ်း ဘီဘီစီမြန်မာပိုင်း အစီအစဉ် - မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံ-အမေရိကန် ခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲ အမေရိကန် မဖိတ်၊ -ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေနဲ့ ပါတီကိုထောက်ခံသူ တွေ အသတ်ခံရတာ လူ ၁၅၃၀ ဝန်းကျင်ရှိပြီလို့ ပါတီဥက္ကဋ္ဌ ပြော၊ - ဆီလှောင်ကန်တွေက လက်ကျန်ဆီတွေကို ညွန်ကြားချက်မရမချင်း မထုတ်ပေးဖို့ မြန်မာနိုင်ငံဆီကုန်သည်နဲ့ဆီလုပ်ငန်းရှင်များအသင်း ထုတ်ပြန်၊ - တိုက်ပွဲတွေ ပြင်းထန်နေဆဲ စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်ထဲက အခြေအနေ၊ - အယ်လ်ဂျားဇီးယား သတင်းဌာနက အမျိုးသမီးသတင်းထောက်တစ်ယောက် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းမှာ အစ္စရေးတို့ စီးနင်းဝင်ရောက်မှုအတွင်း ပစ်ခတ်ခံရလို့ သေဆုံး၊ စတဲ့ သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- မနက်ပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625862 ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို