မြန်မာနိုင်ငံအလယ်ပိုင်းမှာ အခုသီတင်းပတ်အတွင်း မိုးကြိုးပစ်ခံရလို့ သေဆုံးသူ ၈ ယောက် အထိ ရှိ

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

မေလ ၂၅ ရက် ဗုဒ္ဓဟူး ညချမ်း ဘီဘီစီမြန်မာပိုင်း အစီအစဉ် - ကနီနဲ့ မင်းကင်းနယ်ဘက် အထက်ချင်းတွင်း မြစ်‌ဒေသက ၈ စီးပါ စစ်ရေယာဉ် အုပ်စု စုန်ဆင်းလာစဉ် မြစ်ကမ်းဘေးက ရွာတချို့ မီးရှို့ခံနေရတယ်လို့ ရွာခံတွေပြော၊ - ရခိုင်ပြည်နယ် စစ်တွေမြို့အနီးဝန်းကျင်ကျေးရွာတွေမှာ စစ်ကောင်စီက ညအချိန်ဝင်ရောက်ပြီး ဧည့်စာရင်း စစ်ဆေးတာ၊ ကျေးရွာတွေထဲ စခန်းချတပ်စွဲလာတာတွေ လုပ်၊ - မြန်မာနိုင်ငံအလယ်ပိုင်းမှာ အခုသီတင်းပတ်အတွင်း မိုးကြိုးပစ်ခံရလို့ သေဆုံးသူ ၈ ယောက် အထိ ရှိနေ၊ - ဗြိတိန်က အစိုးရနဲ့ သက်ဆိုင်တဲ့ အဆောက်အဦးတွေမှာ အစိုးရ တာဝန်ရှိသူတွေ ကိုယ်တိုင် ကိုဗစ် စည်းကမ်းတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တယ် ဆိုတဲ့ အစီရင်ခံစာ ထွက်လာပါတယ်။ -ဖိုင်ဇာ ဆေးကုမ္ပဏီထုတ် ဆေးဝါးတွေနဲ့ ကာကွယ်ဆေးတွေ အားလုံးကို ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေဆီ အကျိုးအမြတ် မယူတဲ့စျေးနှုန်းနဲ့ ရောင်းချပေးမယ်လို့ ကြေညာ၊ စတဲ့ သတင်းတွေ အပြင် နိုင်ငံတကာထိပ်တန်းသတင်းတွေ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- မနက်ပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625862 ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

Visit the podcast's native language site