ကုလဆိုင်ရာ မြန်မာသံအမတ် ခန့်ဖို့ကိစ္စ ကုလသမဂ္ဂ အရည်အချင်းစစ် ကော်မတီက ရွှေ့ဆိုင်းလိုက်တာကို အာဏာသိမ်း စစ်ကောင်စီ ရှုတ်ချ

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

တောင်အာဖရိကနိုင်ငံမှာ ကိုဗစ် ရောဂါပိုး ကူးထားပြီးသားလူတွေ ကိုဗစ်ထပ်ဖြစ်တဲ့ အရေအတွက် ပိုများလာတာဟာ အိုမီခရွန် ဗီဇပြောင်း ကိုဗစ်ပိုးသစ်ကြောင့်လို့ ယူဆရ၊ ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြု သံအမတ်ခန့်ဖို့ကိစ္စကို ကုလသမဂ္ဂ အရည်အချင်းစစ် ကော်မတီက ရွှေ့ဆိုင်းလိုက်တာနဲ့ပတ်သက်လို့ အာဏာသိမ်း စစ်ကောင်စီက ရှုတ်ချ၊စစ်ကိုင်းတိုင်းထဲမှာ PDF တပ်တွေနဲ့ ဆက်နွှယ်တယ်လို့ ယူဆရတဲ့ ရွာတွေကို မီးရှို့မှုတွေ ပိုများလာနေ၊ မန္တလေးတိုင်း မြို့နယ်သုံးခုမှာ PDF အဖွဲ့ဝင် ၃၀ကျော် ဖမ်းဆီးမိထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပြီး ယာဉ်တွေကို စစ်ဆေး ဖမ်းဆီးတာတွေ နေ့စဉ် လုပ်နေပေမဲ့ မြို့နယ်တချို့မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်နေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေပြီး စစ်တွေ နယ်စပ် ကုန်သွယ်ရေး ဆိပ်ကမ်းမှာ ရောက်နေတဲ့ ရေယာဉ်နှစ်စီးက သင်္ဘောသား ၉ ဦးမှာ ကိုဗစ်ပိုး ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ခဲ့

Visit the podcast's native language site