မုံရွာ အကျဉ်းထောင်ဆူပူမှုဖြစ် အကျဉ်းသားတယောက်အသတ်ခံရ
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

- စစ်ကိုင်း ခင်ဉီးဘက်မှာ စစ်ကောင်စီ တပ်တွေ ရွာတွေထဲ မီး၀င်ရှို့ စီးနင်းမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေ ပြောပြီး အိမ်ခြေရာနဲ့ချီ မီးရှို့ခံရတယ်လို့ ဆို - သကြန်မဏ္ဍပ် ဆောက်ဖို့ လုပ်ငန်းရှင်တွေဆီကနေ စစ်ကောင်စီ အုပ်ချုပ်ရေး အဖွဲ့တွေ အလှူငွေ လိုက်ခံ ကောက်ခံနေ - ရုရှားတပ်တွေ ဆုတ်သွားတဲ့ ကိဗ်မြို့အပြင်နားမှာ အရပ်သား အယောက် ၂၀ကျော်ကို ရည်ရွယ်ချက် ရှိရှိ အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြီး မြုပ်နှံထားမှု တွေ့လို့ နိုင်ငံ တကာက ရုရှားကို ရှုတ်ချနေ - တရုတ် နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဆိုးရွားနေတာကြောင့် လော့ခ်ဒေါင်းချထားတဲ့ ရှန်ဟိုင်းမြို့မှာ ကွာရင်တင်းစင်တာ လူပုံနေပြီး ဆေးရုံတွေမှာ မနိုင်မနင်း ဖြစ်နေ - ပါကစ္စတန်မှာ ၀န်ကြီးချုပ် အင်မရာခန်းကို အယုံအကြည်မရှိ အဆို တင်သွင်းမှု ပယ်ချခံရပြီးနောက် ၀န်ကြီးချုပ်က လွှတ်တော်ဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ် ခေါ်ဖို့ သမ္မတကို တိုက်တွန်းပြီ - မြောက်ကိုရီးယား က ပစ်မှတ်ကို အတိအကျ ပစ်နိုင်တဲ့ ဒုံးကျည်တွေ သူတို့မှာ ရှိတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီး ပြောကြားချက်ကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်း ညီမ က ပြစ်တင် ရှုတ်ချလိုက်တဲ့ အကြောင်းအပါအ၀င် ထိပ်တန်းသတင်းတွေကို တင်ဆက်ပေးထားပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ကိုရိုနာဗိုင်းရပ်စ်