ဆီးရီးယားမှာ ဖွဲ့စည်းပုံ ရေးဆွဲဖို့ ၃ နှစ်၊ ရွေးကောက်ပွဲ ကျင်းပဖို့ ၄ နှစ် အချိန်ယူရမယ်လို့ လက်ရှိ အာဏာရ ခေါင်းဆောင်သစ်ပြော

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

- မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်မှာရှိတဲ့ စစ်ကောင်စီ ဆက်သွယ်ရေး အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်စီးခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့ - ရခိုင်တောင်ပိုင်းမှာ နောက်ဆုံးကျန်နေတဲ့ ဂွမြို့ကို အေအေက မနေ့က ညနေ ၆ နာရီခွဲမှာ သိမ်းလိုက်ရာမှာ စစ်တပ်ဟာ ဂွမြို့ပေါ်မှာ တင့်ကားတွေ ချန်ထားခဲ့သလို စစ်သုံ့ပန်းတွေလည်း အေအေဘက်က ဖမ်းမိ ထား - ချင်းညီနောင်အဖွဲ့ သိမ်းပိုက်ထားတဲ့ မင်းတပ်၊ ကန်ပက်လက်၊ မတူပီမြို့တွေနဲ့ ထိစပ်နေတဲ့ မကွေးတိုင်း ဂန့်ဂေါခရိုင်က ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု စတဲ့ မြို့နယ်တွေမှာ အခုရက်ပိုင်း စစ်ကောင်စီတပ်က ရာနဲ့ချီတဲ့ စစ် အင်အားဖြည့်တင်းနေသလို လေကြောင်းနဲ့ လက်နက်ကြီးနဲ့ပါ တိုက်ခိုက် - တောင်ကိုရီးယားမှာ ဂျေဂျူးလေကြောင်းလိုင်းက လေယာဉ်အဆင်းမှာ မီးလောင်ပျက်စီးကာ လေယာဉ်ပေါ်ပါသူ အများစုသေဆုံး ဝန်ထမ်း ၂ယောက် အသက်မသေကျန်ရစ် - တောင်အာဖရိကမှာ မိုင်းတွင်းမြေအောက်ထဲ ဂိုဏ်းခေါင်းဆောင်တွေက နှိပ်စက် အနိုင်ကျင့်တဲ့ အကြောင်းတွေကို ပြန်လည် လွတ်မြောက်လာသူတွေက ပြန်ပြောပြ စတဲ့ သတင်းတွေကို တင်ဆက် ပေးထားပါတယ်။

Visit the podcast's native language site