ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အလွတ်တန်း သတင်းထောက်တချို့နဲ့ တရားဝင် သတင်းဌာနတချို့က သတင်းထောက်တွေ ဆက်တိုက်ဆိုသလို ဖမ်းဆီးခံနေရ

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

Podcast artwork

ပုပ်ရဟန်းမင်းကြီးဟောင်း Benedict ဂိုဏ်းချုပ်ဘုန်းတော်ကြီး အဖြစ် တာဝန်ယူစဉ်ကာလအတွင်း ကလေးငယ်တွေ မတော်မတရား ပြုကျင့်ခံရမှု ၄ ခုကို အရေးယူဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ အစီရင်ခံစာတစ်ခုထွက်ပေါ်လာ၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ထဲက ရွာတွေမှာ ပစ်ခတ်မှုတွေ၊ မီးရှို့ခံရမှုတွေကြောင့် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးနေရ၊ ထိတွေ့တိုက်ပွဲတွေ အများဆုံး ဖြစ်နေတဲ့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ကျောင်းသားကလေးငယ်တွေ မူလတန်းပညာ အဆက်မပြတ်စေဘဲ ဆက်ပညာသင်ကြားနိုင်စေရေး ဒေသခံတွေက ကြိုးပမ်းနေ၊ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အလွတ်တန်း သတင်းထောက်တချို့ အပါအဝင် တရားဝင် ရပ်တည်နေတဲ့ သတင်းဌာနတချို့က သတင်းထောက်တွေ ဆက်တိုက်ဆိုသလို ဖမ်းဆီးခံနေရ၊ ဟောင်ကောင်မှာ ကျောင်းသားတွေအကြား ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ တိုးလာနေတာကြောင့် လာမယ့် သီတင်းပတ်မှာ အထက်တန်းကျောင်းတွေ ပိတ်ထားတော့မယ်

Visit the podcast's native language site