ပြင်သစ် ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတကိုဘဲ ပြန်တင်မြှောက်မလား လက်ယာယိမ်း သမ္မတလောင်းကိုဘဲ ရွေးမလား ဆုံးဖြတ်ကြတော့မယ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

- ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) ရဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ ကိုလာမယ့် ပြန်လည်ဖွဲ့စည်းဖို့ရှိနေတော့ ဘယ်သူတွေ ပါ၀င်ပြီး အဓိက နိုင်ငံရေးပါတီကြီးတွေက ဘယ်လိုတုန့်ပြန်သလဲ - ရွာငံမြို့နယ် ပဲယင်းတောင်ကျေးရွာမှာ အသတ်ခံလိုက်ရတဲ့ ရွာသား ၁၀ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရွာရဲ့ အရှေ့မြောက်ဘက်နဲ့ မြောက်ဘက် တောင်ကုန်းနေရာတွေမှာမြုပ်ထားတာကို ဒေသခံတွေ တွေ့ရှိတဲ့အကြောင်း - ကောလင်းခရိုင် ၀န်းသိုနယ်ဘက်က ဦးသျှစ်ခုံ၊ အလယ်ခုံ၊ အောင်းကုန်း၊ သပြေသာ စတဲ့ ထိစပ် ရွာ ၆ ရွာထက်မနည်းကို စစ်ကောင်စီက တစ်ရွာပြီးတစ်ရွာမီးရှို့နေတဲ့အတွက်အိမ်မီးလောင်တာအပြင် သေဆုံးသူ ရှိနေတယ်လို့ ဒေသခံတွေပြော း - လက်ဘနွန်မှာ ရွှေ့ပြောင်းသူတွေတင်ဆောင်တဲ့ လှေတစင်း နစ်မြုပ်လို့ လူသေဆုံးမှု ရှိခဲ့တဲ့ သတင်းတွေကို နားဆင်ရပါမယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j မနက်ပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxsf3 ----- မနက်ပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625862 ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို BBC.COM ဘီဘီစီ မြန်မာပိုင်း ရေဒီယို - BBC News မြန်မာ