ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အဂတိမှုတွေ ဆက်လက်စစ်ဆေး
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

အောက်တိုဘာ ၂၂ ရက် သောကြာညချမ်း ဘီဘီစီမြန်မာပိုင်း အစီအစဉ် -ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အဂတိမှုတွေ ဆက်လက်စစ်ဆေး -အာဏာသိမ်းပြီး ၈ လကျော်မှာ မြန်မာနိုင်ငံ အခြေအနေ သိသိသာသာ ဆိုးရွားလာနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်ပြော၊ -အခုလ အတွင်း စစ်ကိုင်းတိုင်းထဲက ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ စခန်းတွေ ဖျက်ဆီးခံရတာ သုံးကြိမ်ထက်မနည်းရှိ၊ - အလုပ်သမား ဝန်ကြီးဌာနက စည်းကမ်းသတ်မှတ်ချက်တွေကြောင့် နိုင်ငံခြား သွားအလုပ်လုပ်ကမယ့်သူတွေ လေဆိပ်ကလှည့်ပြန်ကြရ၊ - တိုင်ဝမ်ကို တရုတ်က တိုက်ခိုက်မယ်ဆိုရင် အမေရိကန်က ကာကွယ် မယ်လို့ သမ္မတ ဘိုင်ဒန် ပြော၊ - ရုပ်ရှင်ရိုက်ရင်း ဇာတ်ဝင်ခန်းသုံး သေနတ်နဲ့ ပစ်လို့ ရုပ်ရှင် ရိုက်ကူးသူ သေဆုံးခဲ့ပြီး ဒါရိုက်တာ ဒဏ်ရာရခဲ့တဲ့ ကိစ္စ မင်းသား Alec Baldwin ကို စစ်ဆေးနေ၊ စတဲ့ သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j မနက်ပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxsf3