ထားဝယ်မှာ စစ်ကောင်စီ ဆန့်ကျင်သူတွေကို ဒီရက်ပိုင်း ဆက်တိုက် ရှာဖွေဖမ်းဆီးတာတွေ လုပ်နေပြီး မိသားစုဝင်တွေကို ဖမ်းဆီး ခေါ်ဆောင်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ထားဝယ်မှာ စစ်ကောင်စီ ဆန့်ကျင်သူတွေကို ဒီရက်ပိုင်း ဆက်တိုက် ရှာဖွေဖမ်းဆီးတာတွေ လုပ်နေပြီး မိသားစုဝင်တွေကို ဖမ်းဆီး ခေါ်ဆောင်၊ ကလေးမြို့နယ်အပိုင် ကျေးရွာတချို့မှာ စစ်ကောင်စီ ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် လူထိခိုက်မှု ရှိခဲ့၊ မင်းတပ်နဲ့ မတူပီအကြား စစ်ကောင်စီတပ်တွေနဲ့ CDF တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်ဖြစ်၊ အီသီယိုးပီးယားနိုင်ငံ တီဂရေး ဒေသ ပဋိပက္ခမှာ ပါဝင်ပတ်သက်သူ နှစ်ဘက်စလုံးရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ကဆက်စ် ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတစ်ခုမှာ အာဆာအဖွဲ့ ခေါင်းဆောင်တစ်ဦးကို သေဆုံးလျက်သား တွေ့ရပြီး လူအုပ်ကြီးက ဝိုင်းရိုက်ခဲ့ပုံ ရတယ်လို့ ရဲကပြော