ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်နဲ့ ဝန်ကြီး ၃ ဦးကို နေပြည်တော်မှာ ရုံးထုတ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ဥရောပသမဂ္ဂဝင် နိုင်ငံတွေမှာ ခရီးဆောင် အီလက်ထရောနစ် ပစ္စည်းတွေအားလုံးကို ဘက်ထရီအားသွင်းစက် တမျိုးကိုပဲ တပြေးညီ သုံးဖို့ ဥပဒေကြမ်းတစ်ခု ထုတ်ပြန်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်နဲ့ ဝန်ကြီး ၃ ဦးကို နေပြည်တော်မှာ ဒီကနေ့ ပထမဆုံးအကြိမ် လူကိုယ်တိုင် ရုံးထုတ်၊ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အတွင်းက ကျီကုန်းရွာမှာ ရဲမိသားစုဝင်တချို့ မနေ့ညက အသတ်ခံရပြီးတဲ့နောက် ဒီကနေ့မနက်မှာ ရွာက နေအိမ်တချို့ မီးရှို့ခံရ၊ လူဦးရေ ၈ထောင်နီးပါး ရှိတဲ့ ထန်တလန်မြို့မှာ လက်နက်ကြီးတွေနဲ့ အပစ်ခံခဲ့ရအပြီး မြို့လုံးကျွတ်နီးပါး ထွက်ပြေးသွားကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ စားနပ်ရိက္ခာ ပြဿနာနဲ့ ရင်ဆိုင်ရနိုင်