ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အမှု ၃ မှုအတွက် ထောင်ဒဏ် ၄ နှစ် ချခံရ
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ဒီဇင်ဘာလ ၈ ရက် ဗုဒ္ဓဟူး ညချမ်း ဘီဘီစီမြန်မာပိုင်း အစီအစဉ် - ရွာသား ၁၁ ယောက် မနေ့က သတ်ဖြတ်ခံခဲ့ရတဲ့ ဆလင်းကြီးမြို့နယ် ဒုန်းတောရွာမှာ အမျိုးသမီးတယောက် အလောင်းထပ်တွေ့၊ - မန္တလေးမှာ ဒီမနက် ဆိုင်ကယ်စီးလာတဲ့ လူငယ် သုံးယောက်ကို စစ်ကောင်စီဘက်က ကားနဲ့ဝင်တိုက်ပြီး ပစ်ခတ် ဖမ်းဆီး၊ - မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စွဲဆိုထားတဲ့ အမှုတွေထဲက ၃ မှုအတွက် ထောင်ဒဏ် ၄ နှစ် ချမှတ်၊ -ရန်ကုန်မှာ NLDပါတီဝင် အမျိုးသမီးတယောက် အသတ်ခံရ၊ - ဖုန်းခေါ်ဆိုမှု နဲ့ အင်တာနက် နှုန်းထားတွေ အခုလဆန်း ကစလို့ စျေးတက်၊ - အိန္ဒိယကာကွယ်ရေး ဦးစီးချုပ်နဲ့ ဇနီး လိုက်ပါလာတဲ့ ရဟတ်ယာဉ် တမီလ်နာဒူးလ် ပြည်နယ်မှာ ပျက်ကျ၊ နှစ်ဦးလုံးသေဆုံး၊ စတဲ့ သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- မနက်ပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625862