မြင်းမူမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်တွေက လေကြောင်းနဲ့ ၃ ရက်ကြာ တိုက်ခိုက်ခဲ့မှုအတွင်း သေဆုံးသူ ဒေသခံရွာသား ၁၀ ဦး အထိရှိလာ
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

နေပြည်တော်ကို ရုတ်တရက် ရောက်ရှိလာတဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး လက်ဗရော့ဗ် စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံ၊ မြင်းမူမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်တွေက လေကြောင်းနဲ့ ၃ ရက်ကြာ တိုက်ခိုက်ခဲ့မှုအတွင်း သေဆုံးသူ ဒေသခံရွာသား ၁၀ ဦး အထိရှိလာ၊ အမေရိကန်ဒေါ်လာနဲ့ စာရင်းရှင်းရမယ့် သတ်မှတ်ချက်အပါအဝင် အခက်အခဲတွေကြောင့် နိုင်ငံတဝန်းက ကုန်သည်တွေလက်ထဲ ပဲ၊ ပြောင်းတွေ တန်ချိန် အများအပြားကျန်နေ၊ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ကို တရုတ်က မနက်ဖြန်ကစလို့ ထိုင်ဝမ်ရေပြင်မှာ ကျည်ဆံအစစ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ၃ ရက်ကြာ လုပ်မယ်လို့ တုန့်ပြန်ကြေညာ၊ အိန္ဒိယနိုင်ငံက ကုန်ထုတ်စက်ရုံတစ်ခုမှာ ဂက်စ်ဓာတ်ငွေ့ ယိုစိမ့်မှုတစ်ခုအတွင်း အလုပ်သမ တစ်ရာကျော်လောက် ဆေးရုံတင်ပို့ထားရ၊ တရုတ်နိုင်ငံက မူကြိုကျောင်းတစ်ခုမှာ ဓားထိုး တိုက်ခိုက်မှုတစ်ခုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရခဲ့