နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတကို စွပ်စွဲထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ အမှု စတင် ကြားနာ၊
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ဖေဖော်ဝါရီလ ၁၄ ရက် တနင်္လာ ညချမ်း ဘီဘီစီမြန်မာပိုင်း အစီအစဉ် -နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို စွပ်စွဲထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ အမှုကို ဒီကနေ့ နေပြည်တော် အထူးတရားရုံးမှာ စတင် ကြားနာ၊ -မြန်မာစစ်တပ်ကို ပါကစ္စတန်က လက်နက်ထောက်ပံ့တာရပ်တန့်ဖို့ ဝန်ကြီးချုပ် အီမရန် ခန်းကို မြန်မာ့အရေးလှုပ်ရှားတဲ့ Burma Campaign UK တောင်းဆို၊ -စစ်ကောင်စီကအလုပ်ပြန်တက်ခိုင်းနေပြီး ကရင်နီပြည်နယ်အတိုင်ပင်ကောင်စီက ဝန်ထမ်းမလုပ်ဖို့ ပြောတဲ့ ကရင်နီဒေသက CDM အခြေအနေ၊ -မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာရသူတွေ သိန်းနဲ့ချီပြီးတိုးလာနေ၊ -မွန်ပြည်နယ်က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တဲ့ နိုင်ငံ ရေးလှုပ်ရှားမှုတွေ၊ -ရုရှားက ယူကရိန်းကို ကျူးကျော်ရင် ရုရှားရဲ့ စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေမယ့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်မယ်လို့ G7 သတိပေး၊ စတဲ့ သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j မနက်ပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxsf3 ----- မနက်ပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625862 ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို