စစ်ကောင်စီက လုံခြုံရေးအပြည့်နဲ့ သင်္ကြန်ကို စည်ကားအောင် ကျင်းပဖို့ပြင်နေ
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ဧပြီလ ၁၁ ရက် ဗုဒ္ဓဟူး ညချမ်း ဘီဘီစီမြန်မာပိုင်း ရေဒီယိုအစီအစဉ် - စစ်ကောင်စီ ကျင်းပတဲ့ သင်္ကြန်ကို မပါဝင်ဖို့ တော်လှန်ရေးအဖွဲ့ လှုံ့ဆော် နေချိန်မှာ စစ်ကောင်စီကလည်း လုံခြုံရေးအပြည့်နဲ့ သင်္ကြန်ကို စည်ကားအောင် ကျင်းပဖို့ပြင်နေ၊ - မကွေးမြို့ပေါ်မှာ သင်္ကြန် ပျော်ပွဲရွှင်ပွဲတွေလုပ်ဖို့ မဏ္ဍပ်တွေ ပြင်ထားချိန် တခြားမြို့နယ်တွေမှာတော့ စစ်ဆင်ရေးတွေလုပ်၊ - စစ်ကိုင်တိုင်း ကလေးမြို့က တာဟန်းသပိတ်ဖြိုခွင်းခံရမှု ၁ နှစ်ပြည့်တဲ့ ဧပြီ ၇ ရက်ကစပြီး မြို့ပေါ်မှာပါ နှစ်ဖက် ပစ်ခတ်မှုတွေရှိလာ၊ - ရုရှားတို့ ဝိုင်းရံ ပိတ်ဆို့ထားတဲ့ မာရီယိုပိုးလ် မြို့ ပျက်စီးနေပြီး မြို့နေ လူ ထောင်ပေါင်းများစွာ အသက်သေဆုံးဖွယ် ရှိတယ်လို့ သမ္မတ ဇလန်းစကီးပြော၊ စတဲ့ သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- မနက်ပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625862 ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို