ယူကရိန်း စစ်ပွဲ ဘယ်လို ရှေ့ဆက်မလဲ တပ်မှူးအားလုံးနဲ့ သမ္မတပူတင် တစ်နေကုန်တွေ့
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ဒီဇင်ဘာ ၁၇ ရက်။ စနေည ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဉ် - ယင်းမာပင်၊ ရင်ပေါင်တိုင်ရွာ လေကြောင်းတိုက်ခိုက်ခံရတုန်းက မကွဲပဲ ကျန်ခဲ့တဲ့ ဗုံးသီးကို ၅ နှစ်သား လေး ဆော့ကစားတာကနေ ပေါက်ကွဲ။ ၅ နှစ်သားလေးရော ... ၇ လသားလေး နောက်တစ်ဦးပါ သေဆုံး၊ တိုက်ပွဲ ဖြစ်မနေချိန်မှာတောင် ဗုံးတွေ၊ မိုင်းတွေရဲ့ ဒဏ် လူတွေ ဘယ်လောက် ခံနေရလဲ .... ဘီဘီစီ သတင်းထောက်ရဲ့ စုစည်း ပြောပြချက် - ရန်ကုန်မှာ ဧည့်စာရင်းစစ်တယ် ဆိုတဲ့ ခေါင်းစဉ်အောက် လူငယ်လေးတွေ ပစ်မှတ်ထား ဖမ်းခံနေရတယ် ဆိုတဲ့ အကြောင်း၊ ဒီဇင်ဘာလ အခု အချိန်ထိ တနိုင်ငံလုံး အနှံ့ PDF နဲ့ လူငယ်တွေ ဘယ်လောက် အတိုင်းအတာထိ ပစ်မှတ်ထား ဖမ်းဆီးခံနရလဲ ဆိုတဲ့ အသေးစိတ် အခြေအနေစုစည်းချက် - သတင်းစာဆရာတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ NLD အစိုးရ လက်ထက် တာဝန်ရှိသူတွေကို နှစ်ရှည် ထောင်ဒဏ်တွေ ဆက်လက် ချမှတ် နေတဲ့ အကြောင်း - ရုရှား သမ္မတ ပူတင်က သူ့ရဲ့ တပ်မှူး အားလုံးနဲ့ တစ်နေ့လုံး တွေ့ပြီး ယူကရိန်း စစ် ဘယ်လို ရှေ့ဆက်မလဲ ဆွေးနွေးတိုင်ပင် - မလေးရှား မြေပြိုမှု သေဆုံးစာရင် အယောက် ၂၀ ကျော်သွားပြီ။ ၁၀ ဆက်လက် ပျောက်ဆုံးနေ - တတိယနေရာ လုကြတော့မယ့် မော်ရိုကိုနဲ့ ခရိုအေးရှား ကမ္ဘာ့ဖလား ပွဲစဉ် အကြောင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/3V4Lu9Q ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/3BGPK8A မနက်ပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/3ViQacp မနက်ပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/3janK6G ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/3jdpCvq #ဘီဘီစီမြန်မာပိုင်း #ရေဒီယို