ဒေါ်အောင်ဆန်းစုကြည်၊ မစ္စတာရှောင်တာနယ်တို့အမှု တရားလိုကို စတင်စစ်ဆေးဖို့ရှိ
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

တောင်အာဖရိကနိုင်ငံကို အသားအရောင် မခွဲခြားတဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ကူးပြောင်းရာမှာ အဓိက ပါဝင် ဆောင်ရွက်ခဲ့သူ သမ္မတဟောင်း ဒီကလာ့ခ် ကွယ်လွန်၊ ဂျာမနီနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဘေးကြီး စတင်ခဲ့ချိန်ကတည်းက ပထမဆုံးအကြိမ်အဖြစ် နေ့စဉ် ရောဂါကူးစက်သူ ၅ သောင်း ကျော်သွားခဲ့၊ ဒေါ်အောင်ဆန်းစုကြည်၊ မစ္စတာရှောင်တာနယ်တို့အမှု တရားလိုကို စတင်စစ်ဆေးဖို့ရှိ၊ မနေ့က ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ ကနီမြို့နယ်ထဲက တန်ဆည်ချောင် ရွာအပါအဝင် ရွာပေါင်း ငါးရွာလောက်က ရွာသားတွေ စစ်ဘေးလွတ်ရာကို ရွာလုံးကျွတ် ရှောင်နေကြရ၊ မန္တလေးနဲ့ မြစ်ကြီးနားမြို့တွေမှာ ခိုးဆိုး လုယက်မှုတွေ မြင့်တက်လာနေ