ထိန်းသိမ်းထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ရွေးကောက်ပွဲဆိုင်ရာ အမှုနှစ်ခုနဲ့ ထပ်တိုးတရားစွဲဆို

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ဘဲလားရုစ် တပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ ရွှေ့ပြောင်းဒုက္ခသည် ၂ ရာကျော်လောက် ဘဲလားရုစ်နိုင်ငံ နယ်စပ်ဖြတ်ပြီး အိမ်နီးချင်း ပိုလန်နိုင်ငံထဲ ဝင်ဖို့ ကြိုးစားခဲ့ကြတယ်လို့ ပိုလန် အစိုးရ ပြော၊ Solomon Islands နိုင်ငံမှာ အစိုးရ ပြုတ်ကျဖို့ အန္တရာယ်ရှိနေတဲ့ ဆူပူအုံကြွမှုတွေ ဒုတိယမြောက်နေ့အဖြစ် ဖြစ်ခဲ့အပြီး သြစတြေးလျ အစိုးရက အထူးငြိမ်းချမ်းရေးတပ်ဖွဲ့တစ်ဖွဲ့ စေလွှတ်ပေးဖို့ စီစဉ်နေ၊ ကယားပြည်နယ် ဒီမောဆိုမြို့နယ်နားက လျှပ်စစ်တာဝါတိုင် တချို့ ဖျက်ဆီးခံခဲ့ရ၊ ထောင်တွင်းမှာ အမှုတွေ ရင်ဆိုင်နေရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ရွေးကောက်ပွဲဆိုင်ရာ အမှုနှစ်ခုနဲ့ ထပ်တိုးတရားစွဲဆိုလိုက်၊ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ နိုင်ငံတော်လျှို့ဝှက်အက် အမှုအတွက် တရားလိုရဲမှူးကို စတင်စစ်ဆေး၊ ရခိုင်ပြည်နယ်မှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ မရှိသေးပေမဲ့ PDF နဲ့ဆက်နွယ်နေတယ်ဆိုပြီး ဖမ်းဆီးခံရသူ ၈ ဦးအထိရှိလာ

Visit the podcast's native language site