စစ်အပြီး ယူကရိန်းနိုင်ငံ ပြန်ထူထောင်ရေးအတွက် လျော်ကြေးငွေ မဖြစ်မနေပေးဖို့ ရုရှားကို ယူကရိန်းသမ္မတပြော

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

Podcast artwork

ယူကရိန်းစစ်ပွဲအပြီး နိုင်ငံပြန်လည် ထူထောင်ရေး ကုန်ကျစရိတ်တွေကို မဖြစ်မနေ ပေးလျော်ဖို့ ရုရှားအစိုးရကို ယူကရိန်းသမ္မတပြော၊ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့အပြီး ကမ္ဘာ့ရေနံစျေးတွေ စံချိန်တင် ထိုးတက်သွားခဲ့၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတို့ ပူးပေါင်းပီး အိမ်ခြေတွေ ရာနဲ့ချီ မီးရှို့နေသလို ဒေသခံတွေလည်း ထောင်နဲ့ချီ ထွက်ပြေးနေရ၊ မန္တလေးမြို့မှာ ကျူးကျော်ဆိုတဲ့အိမ်တွေကို ခုရက်ပိုင်းအတွင်း စစ်ကောင်စီခန့် စည်ပင်က လိုက်ဖျက်သိမ်းနေ၊ ပြည်ပတင်သွင်းမှုကို ကန့်သတ်တဲ့အတွက် မြန်မာနိုင်ငံတွင်းမှာ စားသုံးဆီစျေးတွေ တက်လာနေ၊

Visit the podcast's native language site