စက်သုံးဆီ ပြတ်လပ်စရာ အကြောင်းမရှိဘူးလို့ စစ်ကောင်စီက ပြောထားပေမဲ့ စက်သုံးဆီဆိုင်တွေမှာ ဆီတန်းစီတဲ့ကားတွေ လျော့ကျမသွား
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

မာရီယူပိုလ်မြို့မှာ ပိတ်မိနေတဲ့ စစ်သားတွေနဲ့ အရပ်သားတွေကို နိုင်ငံတကာက ကူညီကယ်ထုတ်ပေးဖို့ ယူကရိန်း မရင်းတပ်မှူး အနူးအညွတ် ပန်ကြား၊ မလေးရှားမှာ ဒီကနေ့မနက် လင်းအားကြီးအချိန်က လဝက ထိန်းသိမ်းရေးစခန်းကနေ ထွက်ပြေး လွတ်မြောက်သွားသူ ရိုဟင်ဂျာ ၁၆၀ ကျော်ကို အာဏာပိုင်တွေက လိုက်လံရှာဖွေနေ၊ စက်သုံးဆီ ပြတ်လပ်စရာအကြောင်းမရှိဘူးလို့ စစ်ကောင်စီက ပြောထားပေမဲ့ စက်သုံးဆီဆိုင်တွေမှာ ဆီတန်းစီတဲ့ကားတွေ လျော့ကျမသွား၊ ကယားပြည်နယ် ဒီးမော့ဆို၊ လွိုင်ကော်နဲ့ ရှမ်းကယားနယ်စပ်က မိုးဗြဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ရွာပြန်လာတဲ့ စစ်ဘေးရှောင် ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့၊ မကွေးတိုင်း ပေါက်မြို့ နယ်မှာ အခုအခါ ရွာပေါင်း ၁၉ ရွာ မီးရှို့ ခံခဲ့ရပြီး ရွာသား သောင်းနဲ့ချီ ထွက်ပြေးနေရ