အာဆီယံ အထူးသံတမန်ရဲ့ မြန်မာပြည်တွင်း ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ပေးမှာမဟုတ်ဘူးလို့ စစ်ကောင်စီ ထုတ်ဖော်ပြော
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

- အာဆီယံ အထူးသံတမန်ရဲ့ မြန်မာပြည်တွင်း ခရီးစဉ်ကို ပိတ်ပင်ထားတာ မရှိပေမဲ့ အမှုတွေ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ခွင့် ပေးမှာမဟုတ်ဘူးလို့ စစ်ကောင်စီ ထုတ်ဖော်ပြော၊ - ဖလမ်း- ဟားခါးလမ်းပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံခဲ့ရ၊ - တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးခဲ့တဲ့ ၆ နှစ်ပြည့် အထိမ်းအမှတ် နေ့လည်စာစား တွေ့ဆုံဖို့ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းရေးကော်မတီ NSPNC ရဲ့ ဖိတ်ကြားမှုအပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောထား - ထိုင်ဝမ်က အထပ် ၁၃ ထပ်မြင့်တဲ့ တိုက်ခန်းဟောင်းကြီးတစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ လူ ၄၆ ဦး သေဆုံးခဲ့ပြီး အတော်များများ ပိတ်မိနေဆဲ - ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မနေ့တုန်းက ဘာသာကွဲတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေအတွင်း လူ ၃ ဦး သေဆုံးခဲ့အပြီး ခရိုင်အခု ၂၀ မှာ ပြည်သူ့စစ် တပ်ဖွဲ့တွေ ချထားလိုက်