ကုလညီလာခံမှာ အမေရိကန်သမ္မတအပြင် မြန်မာ့အိမ်နီးချင်းနဲ့ အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေက မြန်မာ့အရေးကို အထူးတလည် ပြောကြား
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

- ရုရှားဟာ ယူကရိန်းပိုင်နက်ထဲက သူတို့ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ရယူဖို့ ကြိုးစားနေတာကြောင့် ကုလလုံခြုံရေးကောင်စီမှာ အရေးပေါ်အစည်းေ၀း ခေါ်ယူပေးဖို့ ယူကရိန်း တောင်းဆို - မြောက်ကိုရီးယားဟာ အရှေ့ဘက်ကမ်းရိုးတမ်း ပင်လယ်ပြင်ဘက်ကို တာတိုပစ် ဒုံးကျည်တစင်း စမ်းသပ် ပစ်လွှတ် - တောင်ကိုရီးယားမှာ ဆန်စျေးကျနေတာကို ထိန်းဖို့အတွက် အစိုးရက ဆန်တန်ချိန် ငါးသိန်း နီးပါး ၀ယ်ယူမယ်လို့ ပြော -နာရူလို့ အမည်ပေးထားတဲ့ ဆူပါတိုင်ဖုန်း မုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံကို ၀င်ရောက် တိုက်ခတ်နေတာကြောင့် မြေပြိုမှုတွေ ဖြစ်နေတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း