တန့်ဆည်ခရိုင်ထဲက ကပေါင်းကျရွာနဲ့ ကျွန်းလှရွာတွေ ဘက်ကို စစ်ကောင်စီဘက်က စစ်သုံးရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခဲ့
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ကောလင်းနယ် အရှေ့ခြမ်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား ဒီကနေ့မနက်က တိုက်ပွဲဖြစ်ခဲ့သလို တန့်ဆည်ခရိုင်ထဲက ကပေါင်းကျရွာနဲ့ ကျွန်းလှရွာတွေဘက်ကို စစ်ကောင်စီဘက်က စစ်သုံးရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခဲ့၊ ထိုင်းမြန်မာနယ်စပ်မှာ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ နယ်စပ်ဖြတ်ကျော် ကိုဗစ်ကာကွယ်ဆေးထိုးရေး အစီအစဉ်တစ်ခု လုပ်ပေးဖို့ ထိုင်းအစိုးရကို NUGနဲ့ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းတွေ ပူးပေါင်းဖွဲ့ထားတဲ့ Covid 19 ကာကွယ်ထိန်းချုပ် ကုသရေးအဖွဲ့ CTF က တိုက်တွန်းတောင်းဆို၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တစ်ကြိမ်ထက်ပိုပြီး မဲပေးခဲ့သူတွေကို အရေးယူဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကို ညွှန်ကြားထားချက်နဲ့ ပတ်သက်လို့ သုံးသပ်ချက်အမြင်၊ ရုရှားနိုင်ငံမှာ နေ့စဉ်သေဆုံးသူ တစ်ထောင့်တစ်ရာကျော် ၃ ရက် ဆက်တိုက် ရှိလာနေတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေတာကို ထိန်းချုပ်နိုင်ဖို့ လော့ခ်ဒေါင်း စည်းမျဉ်းသစ်တွေ ချမှတ်၊ အာရှဒေသမှာ ပမာဏ အများဆုံးအဖြစ် စံချိန်တင်ရလောက်တဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့