ငါးထောင်တန်နဲ့တစ်သောင်းတန်တွေကို တရားဝင်ငွေစက္ကူအဖြစ်က ရပ်စဲလိုက်တယ်ဆိုတဲ့ အမိန့်စာဟာ အတုဖြစ်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

- ဗဟိုဘဏ်က ထုတ်ဝေထားတဲ့ ကျပ် ငါးထောင်တန်နဲ့ တစ်သောင်းတန်ငွေစက္ကူတွေကို တရားဝင်ငွေစက္ကူအဖြစ်က ရပ်စဲလိုက်တယ်ဆိုတဲ့ လူမှုကွန်ရက်မှာ ပျံ့နေတဲ့ အမိန့်စာဟာ အတု ဖြစ်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကပြော - လတ်တလောရက်ပိုင်းတွေအတွင်း ရန်ကုန်က မြို့နယ်တချို့မှာ အိမ်တွေကို စစ်ကောင်စီတပ်တွေက ညဘက် ဝင်ရောက်ရှာဖွေပြီး ဧည့်စာရင်းစစ်မှုတွေ လုပ်နေရာမှာ အဖမ်းခံခဲ့ရသူတွေထဲမှာ လူငယ်အများအပြား ပါဝင်။ - ဝပြည် သွေးစည်းညီညွတ်ရေးပါတီက လူငယ်ကေဒါတွေအတွက် လေ့ကျင့်ရေးသင်တန်း ပထမဆုံးအကြိမ် ဖွင့်လှစ်။ - ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့ပေါ်က စစ်ဘေးရှောင်ဒုက္ခသည်တွေထဲမှာ ကိုဗစ်ပိုး ကူးစက်ခံထားရသူ ၄၀ နီးပါး ရှိခဲ့ပြီး အဲဒီထဲမှာ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေနဲ့ ကလေးငယ်တွေ ပါဝင်။ - အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျ ၃ နိုင်ငံအကြား ကာကွယ်ရေး သဘောတူချက် ချုပ်ဆိုလိုက်တာနဲ့ ပတ်သက်လို့ ကမ္ဘာ့နိုင်ငံ အတော်များများက ဝေဖန်