ကျောင်းသား ၇ ဦးကို သေဒဏ်စီရင်မယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ဒီကနေ့ စီရင်မှု မရှိဘူးလို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူပြော
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ဒီဇင်ဘာ ၇ ရက် ဗုဒ္ဓဟူး ညချမ်း ဘီဘီစီမြန်မာပိုင်း အစီအစဉ် - ကျောင်းသား ၇ ဦးကို သေဒဏ်စီရင်မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမဲ့ ဒီကနေ့ စီရင်မှု မရှိဘူးလို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူပြော၊ - ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲက ဘုန်းကြီးကျောင်းကို ဝင်စီးနင်းတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲဖြစ်၊ - ဂျာမနီ အစိုးရကို ဖြုတ်ချဖို့ ကြံစည်တယ်ဆိုတဲ့ သံသယနဲ့ နိုင်ငံတဝန်း စီးနင်း ပြီး လူ၂၅ ယောက်ကို ဖမ်းဆီး၊ - တရုတ်နိုင်ငံမှာ ကိုဗစ် စည်းကမ်းတချို့ လျှော့ပေါ့ပေး၊ စတဲ့ သတင်းတွေ အပြင် နိုင်ငံတကာထိပ်တန်းသတင်းတွေ ကို နားဆင်ရပါမယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- မနက်ပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625862 ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို